“လင်္ကာဒီပဘုရင်…..ခမ်းနားတဲ့ ကမ္ဘာလောကမှာ
သီတာဒေဝီဆိုတဲ့ မိန်းမသားတစ်ဦးကြောင့် ရှင်ဒုက္ခရှာတော့မလို့လား…ဟင်”
“ဒါပေမယ့် သီတာဒေဝီ၊ ဟောဒီလက်နက်တွေချိတ်ဆွဲထားတဲ့
ဝတ်ရုံအောက်က ကိုယ်အတွင်းမှာ နှလုံးသည်းပွတ်ရှိနေတယ်ဆိုတာမင်းနားလည်လိုက်ပါ၊ မင်းနားလည်လိုက်ပါ။”
“ပြင်းထန်တဲ့
စစ်ပွဲတွေဖြစ်ရတယ်ဆိုရင် အားလုံးအတွက် ကျမနှလုံး သည်းပွတ်တွေ ကြေကွဲရပါလိမ့်မယ်။ အိန္ဒုရာဇဝင်မှာ
သီတာဒေဝီဆိုတဲ့ အမည်ဟာ အရုပ်ဆိုးကျည်းတန်စွာ
ကမ္ပည်းကျန်ရစ်ခဲ့တော့မယ်။”
“အဲ့ဒီအချစ်ကြောင့် ဒသဂီရီရဲ့အမည်ဟာ ကမ္ဘာလောကရဲ့ ရာဇဝင်တစ်လျှောက်မှာ
ရက်စက်မှုရဲ့ ပြယုဂ်အဖြစ်တည်ချင်တည်စေတော့”
