လူမှန်းသိတတ်စအရွယ်တွင် ပထမဆုံးစိတ်အနှောင့်အယှက် ဖြစ်ရသည်မှာဖခင်မဲ့ခြင်းဖြစ်ပြီး ဒုတိယစိတ်အနှောင့်အယှက် ဖြစ်ရသည်မှာ ကျွန်ုပ်တို့ရွာသူကြီး ဦးသာအောင် ဆိုသူနှင့်ပတ်သက်၍ပေတည်း။
သူကြီးဖြစ်ကြီးအသောက်အစားကကျူးသည့်အပြင် ပျိုအိုမရွေးစော်ကားမော်ကား ပြုချင်တတ်သော ဦးသာအောင်ကို ရွာသူရွာသားများက မကျေနပ်လှသေည်လည်း သူကြီးဟူသောအာဏာကြောင့် ခေါင်းငုံကာ ခံခဲ့ကြရ၏။
