ဒီနောက်တော့တိုင်းပြည်မှာ သူပုန်ထပြီး သူလည်းပြုတ်ကျသွားပါတယ်ရှင့်။ ရှင်တို့သိတဲ့အတိုင်းသူလည်းထွက်ပြေးလာပါတယ်။ ဒါပေမယ့် သူသတ်လို့သေခဲ့ရသူတွေရဲ့ ဆွေမျိုးသားချင်းတွေ၊ သူ့လက်မှာ ညှင်းပန်းလို့သေရတဲ့သူတွေရဲ့ ဆွေမျိုးသားချင်းတွေက သူ့ကိုဒီအတိုင်းမထားပါဘူး။
.......
.......
တစ်ခါကတော့ ကျမက ပြတင်းပေါက်ကနေ လှမ်းအော်မယ်လုပ်လို့ ကျမပါးစပ်ကို အဝတ်နှင့်ဆို့ထားလိုက်တယ်ရှင့်။ အခန်းထဲမှာ ငါးရက်လုံးလုံးပိတ်လှောင်ထားတဲ့အတွင်းမှာ ကျမကို အစာလည်းမကျွေးဘူးရှင့်။ ဒီနေ့ညတော့ ကျမကိုစားကောင်းသောက်ဖွယ်တွေလာကျွေးတယ်။ ဒါပေမယ့် စားလိုက်တာနဲ့တပြိုင်နက် အစာထဲမှာဆေးခက်ထားတယ်ဆိုတာ ကျမသိလိုက်ပါတယ်။ ဒါနဲ့ ကျမလည်း နဝတိမ်တောင်နဲ့ အိမ်မက်လိုလို ဘာလိုလိုထင်ပြီး သူတို့ခေါ်ရာကိုပါသွားပါတယ်။
