မန္တလေးသား စိန်ဓားမြှောင်ဟာ ရန်ကုန်ထောင်ထဲမှာ စံမြန်း နေတဲ့ လမ်းမတော်ဖိုးတုတ်ရဲ့လူ ဂန္ဓမာသောင်းရီ တို့အဖွဲ့ နဲ့ တွေ့ဆုံ ရပြီး သူတင်ကိုယ်တင် ဉာဏ်ချင်းယှဉ် အပြိုင်ကြဲ ခဲ့ကြပါတယ်။
အဲ့ဒီခေတ်က ဖ.ဆ.ပ.လ နဲ့ နိုင်ငံရေး အရှုပ်အထွေးတွေကြားမှာ သူတို့ နှစ်ယောက်ဟာ အပေးအယူပေါင်းများစွာ နဲ့ ထောင်က လွတ်မြောက်လာခဲ့ပါတယ်။ စိန်ဓားမြှောင်ဟာ သူ့လူတွေကို အဖွဲ့အစည်း အသီးသီးမှာ ထည့်ထားခဲ့ပြီး ၊ သူကတော့ လူကြီးလူကောင်း ယောင်ဆောင်ကာ ရန်ကုန် မြို့လယ်ခေါင် မှာနေပြီး ဓားပြတိုက်နေခဲ့ပါတယ်။ ဒါပေမယ့် တစ်ချိန်က နိုင်ငံရေး အပေးအယူတွေကြောင့် လူမိုက်တွေထက် ပိုကောက်ကျစ်တဲ့ လူယုတ်မာ နိုင်ငံရေးသမားတွေရဲ့ လက်ခုပ်ထဲကရေ ဖြစ်လာကြ တဲ့ အခါမှာတော့....။
အရာရာကိုသတိထားရင်း အကွက်ရွေ့ရင်း ၊ ဉာဏ်သုံးယှဉ်ပြိုင်ရင်း တစ်ချက်မှားရင် အသက်ပါပါသွားမယ့် ကစားပွဲကို ကစားနေကြ တဲ့ အဲ့ဒီ လူမိုက်ကြီး နှစ်ယောက်ရဲ့ ဖြစ်ပုံအစုံစုံကို လွတ်လပ်ရေး ရပြီးစခေတ်ရဲ့ နိုင်ငံရေး အခင်းအကျင်းတွေ၊ သမိုင်း နောက်ခံတွေ နဲ့အတူ ဒီစာအုပ်လေးမှာ ရင်ခုန် စိတ်လှုပ်ရှား ဖွယ်ရာ ဖတ်ရှု နိုင်မှာ ဖြစ်တာကြောင့် ဖတ်ဖြစ်အောင်ဖတ်ကြည့်လိုက်ကြဖို့ ညွှန်းလိုက်ရပါတယ်....။
Credit to - Review by Phone Khit Tshin
