“ မိုက် တဲ့ လူများ ဒီနည်းနဲ့ သေ ရတာပဲ ၊ ဟဲ . . . ဟဲ မောင်ရင် သောက်တဲ့ လက်ဖက်ရည် ထဲကို ကျုပ် အဆိပ်တွေ ခပ် လိုက်ပြီ ၊ ဟား . . . ဟား ၊ မကြာခင်မှာပဲ အူ တွေ ပြတ် ပြီး မရှုမလှ ဒုက္ခ ခံစား ပြီး သေ ရတော့မယ် ၊ ဟီ . .. ဟိ ” လူ ထွား ကြီး၏ စကား ကြောင့် တစ်ဆိုင် လုံး လှုပ်လှုပ် ရွ ရွ ဖြစ်သွား လေတော့ ၏ ။ တစ်ချို့က ဒီလူကြီး ကို ဖမ်း ၍ ဂါတ် တဲ ပို့ မည်ဟု လည်းကောင်း ၊ တချို့က ပုလိပ် သွား ခေါ်မည် ဟု လည်းကောင်း ဆူ ဆူညံ ညံ ဖြစ်၍ ကုန် လေ၏ ။ တစ်ဆိုင် လုံး လှုပ်လှုပ် ရွ ရွ ဖြစ်နေသော်လည်း လှုပ်လှုပ် ရွ ရွ မ ဖြစ် သူမှာ လူငယ် ပင် ဖြစ်၏ ။ လူငယ် သည် အေးအေးဆေးဆေး ထိုင် ၍ နေ ရုံ မျှ မ က အဆိပ် ခပ် ထားသည် ဆိုသော လက်ဖက်ရည် ပန်းကန် အတွင်းသို့ ရေနွေးကြမ်း များ မှဲ့ ၍ ထည့် ပြီးလျှင် ပန်းကန် ကို ကျင်း ၍ မော့ ချလိုက် ပြန် ၏ ။ လူငယ် ၏ အပြုအမူ ကို ကြည့် ၍ လူ ကြီးသည် မျက်လုံး ပြူး သွား လေတော့ ၏ ။
“ မ အေ မွေးကတည်းက တစ်ခါမျှ အူ မပြတ် ဖူး သေးဘူး ၊ အူ ပြတ်တယ် ဆိုတာ ဘယ်လိုလဲ သိရ တာ ပေါ့ဗျာ ” ဟု ဣန္ဒြေ မပျက် ပြောလိုက် ပြီးနောက် စီး ကရက်တစ် လိပ် ကို ထုတ် လျက် သောက် ပြီးလျှင် တယော ကို ဆက်လက် ထိုး နေ လေတော့ ၏ ။
