မြန်မာနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သလို
မြန်မာ့လွတ်လပ်ရေး
စာချုပ်ဖြစ်တဲ့
နု- အက်တလီ စာချုပ်ကို
လက်မှတ်ရေးထိုးခဲ့တဲ့
ဦးနုရဲ့
ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကြီး
ဖြစ်ပါတယ်။
ငယ်စဉ်ကတုန်းက တာတေလန်အောင်
ဆိုးရွားခဲ့ပြီး ကြီးလာတဲ့အခါ
ဝန်ကြီးချုပ်ရာထူးထိရောက်ရှိခဲ့သူ
တစ်ယောက်ရဲ့ ကိုယ်တွေ့ဖြတ်သန်းမှုများပါပဲ။
ငယ်ဘဝဆိုးခဲ့တေခဲ့ပုံများ
မြန်မာ့လွတ်လပ်ရေး ဗိသုကာ
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပူးပေါင်းပြီး
လွတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့ပုံများ၊
ကျောင်းသားခေါင်းဆောင်တစ်ယောက်အနေနဲ့
လှုပ်ရှားခဲ့ပုံများ၊
မြန်မာပြည်ရဲ့ ပထမဆုံးဝန်ကြီးချုပ်အဖြစ်
နိုင်ငံရေး ကြိုးစားခဲ့ပုံများကို
ဘွင်းကနဲ လင်းကနဲ
မခြွင်းမချန်ရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။
မြန်မာဘာသာနဲ့ ထွက်ရှိဖူးသမျှ
အတ္ထုပ္ပတ္တိစာအုပ်တွေထဲမှာ
အကောင်းဆုံး စာအုပ်တွေထဲက တစ်အုပ်အဖြစ်
စာပေပညာရှင်များက အသိအမှတ်ပြုထားတဲ့
စာအုပ်ဖြစ်ပါတယ်။
စာဖတ်သူများကြားမှာ ထင်ရှားခဲ့ပြီး
အကြိမ်ကြိမ်ပုံနှိပ်ခဲ့ရတဲ့ စာအုပ်လည်း
ဖြစ်ပါတယ်။
