ဝင်ခွင့်မရတဲ့မြို့ - သိုးဆောင်း

    Author: Author Genre: »
    Rating



           စာအုပ်ခေါင်းစဉ်ကို ဖတ်ကြည့်လိုက်တာနဲ့ စဉ်းစားရာတွေ ပေါ်လာမှာပါ။ ဘယ်လိုမြို့လေးလဲ ဘယ်လိုစည်းမျဉ်းတွေရှိလဲ ဘာကြောင့် ဝင်ခွင့်မရတဲ့မြို့ဆိုပြီး အမည်တွင်နေရသလဲ.......။

           ဇီနိုနဲ့ ဂျူးဂျူးဟာ သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးပါ။ သို့သော် ဂျူးဂျူးရဲ့ မိသားစုအသိုင်းအဝိုင်းက လက်မခံတဲ့အတွက် ခိုးပြေးခဲ့ကြရပါတယ်။

           မထင်မှတ်ပဲသူတို့နှစ်ဦးဟာ ဝင်ခွင့်မရတဲ့မြို့လေးဆီထွက်ပြေးဖို့ အကြံပေါ်ပေါက်လာခဲ့ပါတယ်။

           သူတို့နှစ်ဦး ထို့မြို့လေးဆီ အခက်အခဲမရှိ ရောက်ရှိသွားအောင် ကူညီပေးခဲ့သူလည်းရှိပါသေးတယ်။ သူကတော့ သူတောင်းစားကြီးကော့လုခ်ပါပဲ။

           အဘိုးအိုလုခ်နဲ့ ဝင်ခွင့်မရတဲ့မြို့က ဘယ်လိုဆက်စပ်နေမှာလဲ...။ ဇီနိုနဲ့ဂျူးဂျူးတို့နှစ်ယောက် ထိုမြို့ထဲကို ဝင်ခွင့်ရမလား.... စိတ်ဝင်စားဖွယ်ဖတ်ရှုရမှာဖြစ်ပါတယ်။

           နောက်ထပ် စိတ်ဝင်စားဖွယ် တစ်ရပ်ကတော့ ထိုမြို့လေးမှာ ကျင်းပလေ့ရှိတဲ့ လက်‌ဆက်ပွဲ အကြောင်းပါပဲ။ 

           ကဲ ...... စိတ်ဝင်စားဖွယ်ရာ လက်ဆက်ပွဲအကြောင်းသိချင်ရင်တော့ကိုယ်တိုင် ဖတ်ရှုကြည့်ပါဗျို့။

            ဒီစာအုပ်လေးမှာ ကိုယ်သဘောအကျမိဆုံးစာသားလေးက 

    ဆက်ဆံရေးကောင်းအောင်ကြိုးစားပါ 

    စကားပြောချိုသာပါ၊ 

    မိတ်ဆွေသူငယ်ချင်းတွေအများကြီးရလိမ့်မယ်

             ပဟေဠိဆန်ဆန်လျှို့ဝှက်ချက်တွေ ဖတ်ရတာကြိုက်သူတွေအတွက် လက်မလွတ်သင့်တဲ့ စာအုပ်လေးပါ။


    ဖတ်ရန်



    Leave a Reply

    "ပါဝင်တော်လှန်အောင်ပွဲခံ" ဘလော့ နဲ့ page ကို စစ်ဘေးရှောင်ပြည်သူတွေနဲ့ တော်လှန်ရေးမှာပါဝင်နေကြတဲ့ တိုင်းရင်းသားပြည်သူညီအစ်ကိုမောင်နှမတွေကို ကျနော်တို့ website ကြော်ငြာမှရရှိတဲ့ငွေဖြင့် အုပ်တစ်ချပ် သဲတစ်ပွင့် အနေနဲ့ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ကျတော်တို့ ဘလော့ နဲ့ page မှ ပိုက်ဆံကောက်ခံမည် မဟုတ်ပါ။

    Myanmar Book Download. Here is the collection of books shared by many vistors by online and by post. There are various categories for all ages. Free Myanmar E-Book - Myanmar Ebooks.

    mobile view တွင် page ရှေ့နောက်ပြောင်းရာတွင် error ရှိနေပါသဖြင့် Browser setting မှ destop site view ပြောင်းကြည့်ပေးပါက အဆင်ပြေပါသည်။